မင်းလှ၌ အသက် (၅) နှစ်မှ (၁၂) နှစ်အောက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ

မင်းလှ ဇူလိုင် ၁၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ကျန်းမာရေးဦးစီးဌာနက အသက် (၅) နှစ်မှ (၁၂) နှစ်အောက် ကျောင်းသား/သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  ဆက်လက်ထိုးနှံပေးခြင်းကို အမှတ်(၇) ရပ်ကွက်၊ အ.မ.က ပြည်တော်သာကျောင်း၌ ယနေ့ နံနက် ၉ နာရီချိန်က ဆောင်ရွက်ခဲ့သည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်သူနာပြု အဆင့်-၁ ဒေါ်ဥမ္မာဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာဆရာမများ ပူးပေါင်း၍  အသက် (၅) နှစ်မှ (၁၂) နှစ်အောက် ကျောင်းသား/သူ(၁၂၅)ဦးအား (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး၊ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် ကျောင်းသား/သူ(၁၀)ဦးအား (ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။

ဆက်လက်၍ အဆိုပါကျောင်း၌ အမှတ်(၂)ရပ်ကွက်၊ အ.မ.က ကံဦးကျောင်းမှ အသက်(၅)နှစ်မှ (၁၂) နှစ်အောက် ကျောင်းသား/သူ(၁၀၀)ဦး၊ အသက် (၁၂) နှစ်မှ (၁၇) နှစ်ထိ ကျောင်းသား/သူ (၃) ဦးအား (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး၊ ကာကွယ် ဆေးထိုးနှံရန်ကျန်ရှိသည့် အသက် (၅)နှစ်မှ (၁၂)နှစ်အောက် ကျောင်းသား/သူ (၅)ဦးအား (ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)