မယ်စဲ့ ဇူလိုင် ၁၅
ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် တောင်ပိုင်းရပ်ကွက်ရှိ အာစီဘုန်းတော်ကြီးကျောင်းရှိ ဘုန်းတော်ကြီးဒေးဖဲနှင့်တွေ့ဆုံ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ယနေ့နံနက် ၁၁ နာရီက အာစီဘုန်းတော်ကြီးကျောင်း၌ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကလက်ရှိ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုးများ ပြန်လည်ဖြစ်ပွားလာသည့်အတွက် မြို့နယ်အတွင်း သာသနာပြုဘုန်းတော်ကြီးများ၊ သိက္ခာတော်ရ ဆရာတော်များ ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ကိုဗစ်ကာကွယ်ဆေးနှင့် ထပ်ဆောင်း ကာကွယ်ဆေးများကို အကြိမ်ပြည့်ထိုးနှံနိုင်ရေး ဆွေးနွေးပြောကြားပြီး ပါးစပ်နှင့် နှာခေါင်းစည်း (Mask)နှင့် Hand Jel တို့ကို ဘုန်းတော်ကြီးဒေဖံထံ ပေးအပ်လှူဒါန်းရာ ဘုန်းတော်ကြီးဒေဖဲက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။ဝတ်ရည်