အမ်း ဇူလိုင် ၁၅
ရခိုင်ပြည်နယ် အမ်းခရိုင် အမ်းမြို့နယ်၌ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများပူးပေါင်း၍ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အထွေထွေအုပ်ချုပဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာအခမ်းအနား တက်ရောက်လာကြသော ဌာနဆိုင်ရာများက နမောတဿ (၃)ကြိမ် ရွက်ဆို၍ အခမ်းအနား ဖွင့်လှစ်ခဲ့ကြပြီး အမ်းမြို့နယ် ဘန်းတောင်ကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ထို့နောက် ကြွရောက်တော်မှုလာကြကုန်သောဘန်း တောင်ကျောင်းဆရာတော်၊ မြို့ဦးကျောင်း ဆရာတော်၊ ဝဏ္ဏိတာရာမကျောင်းဆရာတော်၊ ဆုတောင်းပြည့်ဆရာတော်၊ ကိုးကန်တန်းဆရာတော် သံဃာတော်အရှင်သူမြတ်တို့က မေတ္တာသုတ် ပရိတ်တရားတော်များ ချီးမြှင့်တော်မူကြပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်ဟိန်းသူ၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ ခရိုင်လဝကမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ပင့်သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများအား ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ ဘန်းကျောင်းတိုက်ဆရာတော်ထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဆရာတော်သံဃာတော်များအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။
စိုးမင်းထွန်း
မြို့နယ် ပြန်/ဆက်