ထူးကဲဒီရေမြင့်တက်မှုကြောင့် မြစ်ကမ်းဘေးရှိ နေအိမ်(၅)လုံး ကြိုတင်ပြောင်းရွှေ့
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်၊ ကုလားရောင်ကျေးရွာအုပ်စု၊ ကုလားရောင် ကျေးရွာ၏ တောင်ဘက် မြစ်ကမ်းဘေးရှိ နေအိမ်ငါးလုံးမှာ ယမန်နေ့ မွန်းလွဲ (၂)နာရီခွဲအချိန်က ကုလားရောင်မြစ်မှ ထူးကဲဒီရေမြင့်တက်ပြီး ရေလှိုင်းရိုက်ခတ်မှုကြောင့် ကမ်းပါးပြိုကျမှုဖြစ်သဖြင့် နေအိမ်များကို ကြိုတင်ပြောင်းရွှေ့ပေးခဲ့ရကြောင်း သိရသည်။