ဝက်လက် ဇူလိုင် ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့ အမှတ် ၁ အခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့ နံနက် ၈ နာရီ ချိန်က စတင်၍ ၇၅ နှစ်မြောက် အာဇာနည်နေ့ စာစီစာကုံးပြိုင်ပွဲ ကျင်းပ ပြုလုပ်ကြောင်း သိရသည်။
အာဇာနည်နေ့ အကြို စာစီစာကုံးပြိုင်ပွဲကို အာဇာနည်ဂုဏ်ရည်မြတ်အစဉ်မမေ့အပ် ခေါင်စဉ်ဖြင့် အထက်တန်းအဆင့်မှ ကျောင်းသာ/ကျောင်းသူ ၆ ဦး၊ မျိုးချစ်စိတ် ဇာတိမာန် ထက်သန်ဖို့ အာဇာနည်ဂုဏ်ရည်ကို အစဉ်သတိရနေစို့ ခေါင်စဉ်ဖြင့် အလယ်တန်မှ ကျောင်းသား/ကျောင်းသူ ၁၇ဦး၊ စုစုပေါင်း ၂၃ ဦးပါဝင်ယှဉ်ပြိုင်ရာ သိရသည်။
အဆိုပါ စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူများကို ဇူလိုင်လ ၁၈ ရက်နေ့တွင် ဆုများ အသီးသီး ချီးမြှင့် သွားမည်ဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်လှိုင်လှိုင်ဝင်း၏ ပြောကြားချက်အရ သိရှိရပါသည်။
စိုးစိုးလှိုင် (ဝက်လက်)