သထုံခရိုင် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနခန်းမ၌ အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဆွေးနွေပွဲ (Talk Show) ပြုလုပ်

သထုံ ဇူလိုင် ၁၅

မွန်ပြည်နယ်၊ သထုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြိုနယ်စာရေးဆရာများအသင်းတို့ ပူးပေါင်းကာ ယနေ့၊ မွန်းလွဲပိုင်းက (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ (Talk Show) အစီအစဉ်ကို ကျင်းပ ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ် Talk Show အစီအစဉ် ကျင်းပ ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြီး မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ စာရေးသူ ရွှေထုံခင်သီတာလှိုင်က အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အထုပ္ပတ္တိအကျဉ်းနှင့် လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့မှုများ နိုင်ငံတော်အတွက် ကျေးဇူးကြီးမားလှသည့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂုဏ်ကျေးဇူးများနှင့် စဉ်ဆက်မပြတ် လက်ဆင့်ကမ်း၍ အောက်မေ့ဖွယ် နေ့ထူးနေ့မြတ်အဖြစ် ထိန်းသိမ်းကျင်းပခဲ့မှုများ စသည်တို့ကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

နဒီ(ပြန်/ဆက်)