ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်း ကွန်ပျူတာ အခြေခံသင်တန်း အမှတ်စဉ် (၆/၂၀၂၂) အဆင့်မြင့်ရုံးသုံးကွန်ပျူတာ ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၂/၂၀၂၂)နှင့် လက်တွေ့အသုံးချကွန်ပျူတာ ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၅/၂၀၂၂) သင်တန်းဆင်းပွဲနှင့် ဆုချ
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သောကွန်ပျူတာ အခြေခံသင်တန်း အမှတ်စဉ် (၆/၂၀၂၂) အဆင့်မြင့် ရုံးသုံးကွန်ပျူတာကျွမ်းကျင်မှု သင်တန်းအမှတ်စဉ် (၂/၂၀၂၂)နှင့် လက်တွေ့အသုံးချကွန်ပျူတာ ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၅/၂၀၂၂) သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။