ရွှေပြည်သာမြို့နယ်၌ အသက်(၅)နှစ်မှ (၁၂) ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(ဒုတိယအကြိမ်)ထိုးနှံပေး

ရွှေပြည်သာ ဇူလိုင် ၁၅

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်ရှိ အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ်မှ (၁၂)နှစ်ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို (ဒုတိယအကြိမ်)စတင် ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက် (၁၀) နာရီအချိန်တွင် လိန်ကုန်း အခြေခံပညာမူလတန်းကျောင်း၊ သိမ်ချောင်းအခြေခံပညာ မူလတန်းကျောင်း၊ မြကျွန်းသာ အခြေခံပညာမူတန်းကျောင်းများရှိ ကျောင်းသား/သူများအား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ရွှေပြည်သာမြို့နယ်တွင် အခြေခံပညာ အထက်တန်းကျောင်း(၉)ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း (၉) ကျောင်း အခြေခံပညာမူလတန်းကျောင်း (၃၉) ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၁၃) ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၁၄) ကျောင်း စုစုပေါင်း (၈၄) ကျောင်းမှ ကျောင်းသား/သူများကို ရွှေပြည်သာမြို့နယ် ကျန်းမာရေးဌာနမှ ဝန်ထမ်းများက အဖွဲ့များခွဲကာ အလှည့်ကျထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကျောင်းသား/သူများ အဆင်ပြေစွာ ကာကွယ်ဆေးထိုးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုကူညီရေး အသင်းအဖွဲ့များနှင့် မိဘများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နေမျိုးထွန်း(ရွှေပြည်သာ)