ငွေဆောင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း ပညာရေးမိသားစုမှ (၂၂) ကြိမ်မြောက် ဝါဆိုသင်္ကန်းကပ်လှူပွဲကျင်းပ

ငွေဆောင် ဇူလိုင် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း ပညာရေးမိသားစု၏ (၂၂) ကြိမ်မြောက် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲကို ယမန်နေ့ နံနက် ၁ဝ နာရီမှ စ၍ ဘုရားခန်း၊ မြသီတာခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ငွေဆောင်မြို့၊ အမှတ်(၃) ရပ်ကွက်၊ မဟာပုညာရာမကျောင်းတိုက်၊ ဦးစီးပဓာနနာယက ဆရာတော်၊ ဥူးစက္ကိန္ဒထံမှ ငါးပါးသီလခံယူဆောက် တည်ခဲ့ကြသည်။ ထို့နောက် ဆရာတော်သံဃာတော် အရှင်သူမြတ်မှ ဝါဆိုသင်္ကန်းနှင့် ပတ်သက်၍ အနုမောဒနာ တရားချီးမြှင့်ဟောကြားတော်မူကာ ကောင်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှအတန်းပေးဝေခဲ့ကြောင်း သိရသည်။

အဆိုပါ ဝါဆိုသင်္ကန်း၊ နဝကမ္မအလှူတော်ငွေ၊ နေ့ဆွမ်းဆက်ကပ်လှူဒါန်းပူဇော်ပွဲ အခမ်းအနားသို့ ကျောင်းအုပ် ဆရာမကြီး ဒါ်အေမီသိန်းနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသော ဌာန ဆိုင်ရာများ၊ ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရသည်။

အောင်တင်(ပြန်/ဆက်)