သာပေါင်း ဇူလိုင် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ဘုန်းတော်ကြီးကျောင်းများ၊ ဘုရား၊ စေတီ၊ သာသနိကအဆောက်အဦများ လျှပ်စစ်အန္တရာယ် ကာကွယ်ကင်းရှင်းရေးအတွက် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်မှ စတင်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ထိုသို့ဘုန်းတော်ကြီးကျောင်းများ၊ ဘုရား၊ စေတီ၊ သာသနိက အဆောက်အဦများ လျှပ်စစ်အန္တရာယ် ကာကွယ်ကင်းရှင်းရေး ကြည်ရှုစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးကျော်ရဲနိုင်နှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်သူလွင်၊ ဂေါပကအဖွဲ့များ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က လျှပ်စစ်မီးကြိုးများ စနစ်တကျ သွယ်တန်းထားမှုရှိ မရှိ၊ လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲရေးအတွက် LED ဝပ်အားနည်းမီးသီးများ ပြောင်းလဲသုံးစွဲရေးတို့ကို ကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း(ပြန်/ဆက်)