လပွတ္တာမြို့နယ် ကျောက်မှော်ကျေးရွာ အုပ်စုဧက ၁၀၀ စံပြစိုက်ကွက် ကောက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကျင်းပ

လပွတ္တာ ဇူလိူင် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကောက်စိုက်စက်ဖြင့် မိုးစပါး စိုက်ပျိုးခြင်း သရုပ်ပြခြင်းကို ကျောက်မှော်ကျေးရွာအုပ်စု ဧက ၁၀၀ စံပြ စိုက်ကွက်၌ ယမန်နေ့ နံနက်(၈)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း အကျိုးကျေးဇူများအနေနှင့် စိုက်ပျိုးထားသော စပါးခင်းအား ရိတ်သိမ်းခြွေလှေ့စက်များဖြင့် အလွယ်တကူရိတ်သိမ်းနိုင်ခြင်း၊ ၆ တန်းသွား ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကြောင့် လုပ်အားခသက်သာခြင်း၊ မျိုးစေ့ကုန်ကျမှု နည်းပါး ခြင်း၊ ပျိုးထောင်ဧရိယာ အနည်း ငယ်သာ လိုအပ်ခြင်း၊ ပျိုးပင်များ ပြုပြင်ထိန်းသိမ်းမှု လွယ်ကူ စိတ်ချရခြင်း၊ ပျိုးပင်များ နှုတ်ယူရန်မလိုခြင်း၊ သန်မာ၍ ရောဂါကင်းသော ပျိုးပင်များရရှိခြင်း၊ ကောက်စိုက်ရာတွင် လူအင်အားအသုံးပြုမှုနည်းပါးခြင်းနှင့် သက်တောင့်သက်သာ စိုက်ပျိုး နိုင်ခြင်း၊ လုပ်ငန်းတွင်ကျယ်၍ ပြီးစီးမှုပိုမြန်ခြင်း၊ လေဝင်လေထွက်ကောင်းခြင်း၊ အောက်ပင် လှန်ရန် စောင့်ဆိုင်းရန် မလိုခြင်း၊ ပျိုးပင်ပွားမှုနှုန်း ကောင်းပြီး စပါးအထွက်နှုန်းကောင်းစေခြင်း ပျိုးပန်းဖြင့်ပျိုးထောင်ခြင်း၊ ကောက်စိုက်သမန်ပြုပြင်ခြင်း၊ တစ်ရက် ၈ နာရီပြီးစီးမှုနှုန်းဖြင့် (၄)ဧကမှ (၆) ဧက ထိ စိုက်ပျိုးနိုင်ပြီး စိုက်တန်းအရေအတွက် ၆ တန်းသွား အကွာအဝေး (၁၂) လက်မ၊ ပင်ကြား အကွာအဝေး (၅.၅) လက်မ စိုက်ပျိုးနိုင်ကြောင်းတို့အား မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးမျိုးအောင်က ရှင်းလင်းပြောကြား သည်။

ထို့နောက် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းသရုပ်ပြပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးညွန့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရနှင့် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တောင်သူများတတ်ရောက်ခဲ့ကြ ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်