ဟင်္သာတ ဇူလိုင် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် တိရိစ္ဆာန်ရောဂါ ကာကွယ်ထိန်းချူပ်ခြင်းဆိုင်ရာ ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၁၁ ရက်နေ့ကစတင်၍ ဆောင်ရွက်လျက်ရှိသည်။
အဆိုပါလှုပ်ရှားမှုတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာအောင်သူမျိုးနှင့် မြို့နယ်ဦးစီးမှူး ဒေါက်တာ ယုနန္ဒာအောင်တို့က ဦးဆောင်၍ တိရိစ္ဆာန်ကျန်းမာရေးလုပ်သား (CAHW)များ ပူးပေါင်း၍ သဏ္ဍာန်တူ သရုပ်ပြခြင်း၊ ကျွဲနွားများအား ကာကွယ်ဆေးထိုးခြင်း၊ သရုပ်ပြပိုးသတ်ဆေးများ ဖျန်းခြင်း၊ ခြင်၊ ယင်နှင့် မွှား စသော (Vector)များရန်မှ ကာကွယ်ရန် အသိပညာပေးခြင်း၊ လက်တွေ့သွေးရည်ကြည် ထုတ်ခြင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်း၊ အရေပြား အကျိတ်နာရောဂါ(LSD)အကြောင်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ရောဂါနမူနာ ပစ္စည်းရယူရန် အစမ်းလေ့ကျင့်ခြင်းများကို အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် တိရိစ္ဆာန်ကျန်းမာရေး လုပ်သား(CAHW)များ ပူးပေါင်း၍ ဇူလိုင်လ ၁၁ ရက်နေ့မှ ဇူလိုင်လ ၁၇ ရက်နေ့အထိ တိရိစ္ဆာန်ရောဂါ ကာကွယ်ထိန်းချူပ်ခြင်းဆိုင်ရာ ရက်သတ္တပတ်လှုပ်ရှားမှု ရက်သတ္တပတ်အဖြစ် သတ်မှတ်ပြီး ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။
ခင်စန္ဒာဆွေ(ပြန်/ဆက်)