အုတ်ဖို ဇူလိုင် ၁၈
ကျောင်းသား၊ ကျောင်းသူများ စည်းလုံးမှုရရှိကာကျန်းမာရွှင်လန်းပြီး ဉာဏ်ရည်ထက်မြတ်စေရန်ရည်ရွယ်၍ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အ.လ.က ချမ်းမြသာမြေ ကျောင်းဝန်းအတွင်း၌ ယမန်နေ့က မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြခြင်းအစီအစဉ်ကို ဆောင်ရွက် ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဒေါ်လဲ့လဲ့လွင်က အားကစားပစ္စည်းများကိုပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မေသူအောင်က လက်ခံရယူပြီး အခမ်းအနားကိုစတင်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မေသူအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဒေါ်လဲ့လဲ့လွင်က အားကစားပညာရပ်နှင့် ပတ်သက်ပြီးရှင်းလင်းပြောကြားရာ အားကစားပြုလုပ်ခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများ၊ အားကစားစိတ်ဓာတ်နှင့် ပတ်သက်သည်များကို အကျယ်တဝင့်ရှင်းလင်းသည်။ ထို့နောက် ဒေါ်လဲ့လဲ့လွင်မှ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ အကြောလျှော့ခြင်း လေ့ကျင့်ခန်းကိုဆောင်ရွက်ပြီး volunteer အဖွဲ့မှ ညီမငယ်များက အားကစားသရုပ်ပြခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်သူ