လွိုင်လင် ဇူလိုင် ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့နေ့လည် (၂) အချိန်က (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကိုပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဒေါ်နန်းဦးခမ်းက အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ နယ်ချဲ့များထံမှ လွတ်လပ်ရေးရယူ ကြိုးပမ်းဆောင်ရွက်မူများတို့ကို ယနေ့တိုင် မမေ့နိုင်ခဲ့ကြောင်းကိုလည်းကောင်း ကျောင်းသား လူငယ်များအတုယူရမည့် အာဇာနည်စိတ်ဓာတ်အကြောင်းကိုလည်း ဟောပြောခဲ့ပါသည်။
အခမ်းအနားတွင် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတိအကြောင်းအရာများ၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများ၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ် စာစောင်များ၊ မှတ်တမ်းဓါတ်ပုံများ၊ စာအုပ်ပြပွဲများပြသထားရာ တက်ရောက်လာသည့် ဆရာ၊ ဆရာမ များနှင့် ကျောင်းသား/သူများ စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
အယ်မင်း (လွိုင်လင်)