ရေးမြို့နယ်တွင် တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းနှင့် အရေးအပေါ် တုံ့ပြန်မှုဆိုင်ရာ ရက်သတ္တပတ် လှုပ်ရှားမှု ကွင်းဆင်း ဆောင်ရွက်

ရေး ဇူလိုင်လ ၁၈

မွန်ပြည်နယ်၊ ရေးမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်း ချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှု ရက်သတ္တပတ် အစီအစဉ်ဖြင့် ယနေ့ နံနက်ပိုင်းက အစင်စံပြကျေးရွာသို့ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းထွဋ်အောင်မှ ကာကွယ်ဆေးထိုးနှံပေး ခြင်းလုပ်ငန်းများကို ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး ‌ဒေါက်တာ သန်းထွဋ်အောင်က ကျွဲ၊ နွားများတွင် ဖြစ်ပွါးတတ်သည့် ရောဂါများနှင့် ပတ်သက်သည့် ပိုစတာ စိုက်ထူခြင်းနှင့် ရောဂါကူးစက်ပျံ့နှံ့လာပါက ကာကွယ်လုပ်ဆောင်ရမည့် နည်းများကို ဆွေးနွေး ဟောပြောခဲ့သည်။ ထို့နောက် နွားမွေးမြူရေးခြံသို့ သွားရောက်ပြီး ကျွဲ၊ နွားများတွင် ဖြစ်ပွါးလေ့ရှိသည့် အာဖရိကဝက် အပြင်ဖျား ရောဂါကာကွယ်ဆေးများကို ထိုးနှံ့ပေးခြင်းနှင့် မေထုန်မဲ့ သားစပ် ပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရေး (ပြန်/ဆက်)