တနိုင်း ဇူလိုင် ၁၈
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာဖတ်စွမ်းရည် ပြိုင်ပွဲ၊ စာအုပ်ပြပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ နံရံကပ်ပြပွဲ၊ ဟောပြောပွဲနှင့် ဆုပေးပွဲကို ယနေ့နံနက် (၁၀)နာရီခွဲတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးအရာရှိ ဒေါ်ဝါဦးက (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ကျောင်းသား/သူများ အသိပညာဗဟုသုတ ရရှိရေးနှင့် အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများအကြောင်း၊ အာဇာနည်နေ့တွင် နှစ်စဉ်နှစ်တိုင်း ခေါင်းဆောင်ကြီး များအား ဦးညွတ်အလေးပြုပုံ၊ အာဇာနည်ခေါင်းဆောင်ကြီးများကို အတုယူ၍ နိုင်ငံသားကောင်း ရတနာများပေါ်ထွန်းရေး အသိပညာပေးပြောကြားသည်။ ထို့နောက် မုန်ဒိန်ရပ်ကွက်၊ အနှိုင်းမဲ့ရင်ခွင်(ဘက)ကျောင်းမှ မူလတန်းအဆင့်ကျောင်းသား/သူ (၁၁)ဦးက စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူ များကို မြို့နယ်ဦးစီးအရာရှိနှင့် ဆရာမများက ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆုများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အာဇာနည် ခေါင်းဆောင်(၉)ဦးအကြောင်း နံရံကပ်စာစောင်များ၊ စာအုပ်ပြပွဲများကို ကျောင်းသား/သူများက စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မနောမြေ(တနိုင်း)