ပုသိမ်ကြီးမြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပြိုင်ပွဲများနှင့် အသိပညာပေးဟောပြောပွဲကျင်းပ

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ ကျပန်းစကားပြောပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် အသိပညာပေးဟောပြောခြင်းကို ပုသိမ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်အတွင်း အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)များအား Software Program ဖြင့် ပြည်ထောင်စု National Server သို့ ထည့်သွင်းခြင်းလုပ်ငန်းအစီအစဉ်များ ရှင်းလင်းတင်ပြခြင်းနှင့် အတူ Data Entry ထည့်သွင်းခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်

ကချင်ပြည်နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ (၆၆/ ၆)ပါ အချက်အလက်များအား Software Program ဖြင့် ပြည်နယ်ထောင်စု National Server သို့ ထည့်သွင်းခြင်းလုပ်ငန်း ဆောင်ရွက်သွားမည့် အစီအစဉ် များ ရှင်းလင်းတင်ပြခြင်းနှင့်အတူ Data Entry ရေးသွင်းခြင်း လုပ်ငန်းများကို ယနေ့ နံနက် ၉ နာရီက ပြည်နယ် အစိုးရအဖွဲ့ရုံး၌ စတင်ဆောင်ရွက်ခဲ့ကြသည်။

ဒက္ခိဏသီရိမြို့နယ်တွင် “တိရိစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာလှုပ်ရှားမှု ရက်သတ္တပတ်” အဖြစ် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ “တိရိစ္ဆာန်ရောဂါကာကွယ် ထိန်းချုပ်ခြင်းဆိုင်ရာလှုပ်ရှားမှု ရက်သတ္တပတ်” အဖြစ် ရောဂါကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများအား ဇူလိုင်လ(၁၁)ရက်နေ့မှ(၁၇)ရက်နေ့အထိ မြို့နယ်အတွင်းရှိကျေးရွာများသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

ပိုင်ကျုံမြို့ အမှတ်(၂)ရပ်ကွက်‌ ပိတောက်လမ်းပေါ်တွင် box culvert တစ်စင်း တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်‌စေရေး၊ မြို့သာယာလှပ‌ရေးနှင့်‌ ဒေသ‌နေပြည်သူများ သွားလာမှုအဆင်‌ပြေစေရန် ရည်ရွယ်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ‌ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိ‌ပါသည်။

ဘုတ်ပြင်းမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ထောက်ကူပြုဆွေးနွေးပွဲကျင်းပ

ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ထောက်ကူပြုဆွေးနွေးပွဲကို  ယမန်နေ့က အထကဘုတ်ပြင်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ညောင်တုန်းမြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို‌ ဟောပြောပွဲနှင့် ကဗျာရွတ်ဆို ပြိုင်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ကဗျာ ရွတ်ဆိုပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။

(၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နယ်လှည့်အသိပညာပေး ဟောပြောခြင်းနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြသခြင်း ကွင်းဆင်းဆောင်ရွက်

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် အခြေခံပညာ ကျောင်းသားကျောင်းသူများအား အသိပညာ ဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နယ်လှည့် အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြသခြင်းကို ဇူလိုင် ၁၈ ရက် နံနက် ၉ နာရီခွဲက ဗန်းမော်မြို့ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းရှိ အောင်ဆန်းခန်းမ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကလိန်အောင်မြို့၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲကျင်းပ

၂၀၂၂ ခုနှစ်၊ ဇူလိုင်(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ အမှတ်(၃)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
Subscribe to