ဇီးကုန်းမြို့နယ်တွင် ဒေသကြက်မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် မွေးမြူရေးလုပ်ကိုင်သူများသို့ ကြက်အကောင်(၁၀၀၀)ဖြန့်ဖြူး
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် မြို့နယ်စီမဲအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဒေသကြက်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မွေးမြူရေးလုပ်သူများအား ဒေသကြက်အကောင်(၁၀၀၀)အား ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဖြန့်ဖြူးပေးခဲ့သည်။