ဖား​ဆောင်းမြို့နယ်၊ ​​​​​စုစည်းကျေးရွာ၌ အိုမီခရွန်မျိုးရိုးဗီဇ​​ပြောင်း ကိုဗစ်-၁၉​ ရောဂါကာကွယ်​ရေးနှင့် ကာကွယ်​ဆေး အကြိမ်ပြည့်ထိုးနှံ​ရေး အသိပညာ​ပေးနှိုး​ဆော်

ဖား​ဆောင်း ဇူလိုင် ၂၁

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် အိုမီခရွန်မျိုးရိုးဗီဇ​ပြောင်း ကိုဗစ်-၁၉ ​ရောဂါကြိုတင်ကာကွယ် သတိပြုနိုင်ကြ​စေရန်နှင့် ကိုဗစ်-၁၉ ကာကွယ်​ဆေးအကြိမ်ပြည့်ထိုးနှံရေးအတွက် အသိပညာ​ပေးနှိုး​ဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လူမှု​ဝန်ထမ်းဦးစီးဌာနနှင့်​စေတနာ့ဝန်ထမ်းများက ယ​နေ့နံနက်(၁၀)နာရီအချိန်က ​စုစည်းကျေးရွာ၌ အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

ထိုသို့ အသိပညာ​ပေး​ဆောင်ရွက်ရာတွင် ပြည်သူများအ​နေဖြင့် ကိုဗစ်-၁၉ ​ရောဂါကူးစက်ပြန့်ပွားမှုများ ပြန်လည်ဖြစ်ပွားလာပြီး မြန်မာနိုင်ငံအပါအဝင် အခြားနိုင်ငံများတွင် ထပ်မံ​တွေ့ရှိသည့် မျိုးရိုးဗီဇ​ပြောင်းအိုမီခရွန်​ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာ​ရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကာကွယ်​ရေးနည်းလမ်းများနှင့်အညီ ​နေထိုင်ကြရန်နှင့် ကာကွယ်​ဆေးများကိုလည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လွှမ်းခြုံနိုင်မှုအပြည့်အဝရရှိ​စေရန် ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ပြည်သူများအ​နေဖြင့် မပျက်မကွက်အကြိမ်​ရေပြည့်ဝစွာ ထိုးနှံ​ပေးကြပါရန် အသိပညာ​ပေးနှိုး​ဆော်ခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

နန်းသဲနု​အောင်(ဖား​ဆောင်း)