ဇီးကုန်းမြို့နယ်တွင် ဒေသကြက်မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် မွေးမြူရေးလုပ်ကိုင်သူများသို့  ကြက်အကောင်(၁၀၀၀)ဖြန့်ဖြူး

ဇီးကုန်း  ဇူလိုင် ၂၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် မြို့နယ်စီမဲအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဒေသကြက်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မွေးမြူရေးလုပ်သူများအား ဒေသကြက်အကောင်(၁၀၀၀)အား ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဖြန့်ဖြူးပေးခဲ့သည်။

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြိုနယ်အုပ်ချုပ်ရေးမှူး ဦးညီညီလတ်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာဇော်မင်းဦးတို့မှ သင်ကန်ကျေးရွာအုပ်စုသို့ ဒေသကြက် အကောင်(၂၅၀)၊ မီးကောက်ပင်ကျေးရွာအုပ်စုသို့ အကောင် (၅၀၀)နှင့် ဘုရားပျိုကျေးရွာအုပ်စုသို့ အကောင်(၂၅၀)အား မွေးမြူရေးလုပ်ကိုင်သူများ လက်ဝယ် အရောက် ဖြန့်ဖြူးပေးအပ်ခဲ့သည်။

အဆိုပါဒေသ(မီးလွတ်)ကြက်များအား အသားတိုးမွေးမြူခြင်းနှင့် မျိုးကြက်ဥ ထုတ်လုပ်ခြင်းများ ဆောင်ရွက်လုပ်ကိုင်၍ ဒေသကြက်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆောင်ရွက်လုပ်ကိုင်ကြပြီး၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လိုအပ်သော မွေးမြူရေး နည်းစနစ်များအား ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။

တင့်ဆွေ