ပေါင်းတည် ဇူလိုင် ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းပြီး ယနေ့နံက် ၁၀ နာရီက ပေါင်းတည်မြို့ အ.ထ.ကကျောင်း ပညာရတနာခန်းမ၌ အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် ပြည်ခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုနှင့် တာဝန်ရှိသူတို့က မီးဘေး၊ လေဘေး၊ ရေဘေး၊ မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေးစသည့်တို့နှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များ ဟောပြောပြီး လက်ကမ်းစာစောင်များ ၊လေပြင်းဘေးဗီနိုင်းပိုစတာနှင့် ဘောပင်များ ဝေငှပေးခဲ့ပြီး သဘာဝဘေးအသိပညာပေး ဗီဒီယိုများ ပြသခဲ့သည်။
ဟောပြောပွဲသို့ ပေါင်းတည် အ.ထ.က၊ မြို့မအ.ထ.ကနှင့်မင်းကွက် အ.ထ.ကျောင်းတို့မှ ဆရာဆရာမနှင့် ကျောင်းသားကျောင်းသူ ၂၀၀ ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
အေးအေးဆင့်