သာယာဝတီခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် Book Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကျင်းပ

သာယာဝတီ ဇူလိုင် ၂၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ Book Club အဖွဲ့ဝင်များဖြင့် စာရေးဆရာ အောင်သင်းရေးသားသည့် “လူငယ်များသို့ မင်္ဂလာပါ” စာအုပ်ဖြင့် ယနေ့ နံနက်ပိုင်းက စာဖတ်ဝိုင်း ကျင်းပခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးခိုင်က  စာဖတ်ဝိုင်း တက်ရောက် လာသူများအား စာဖတ်ဝိုင်းပြုလုပ်ကျင်းပခြင်း၏ ရည်ရွယ်ချက်များကို ဦးစွာဆွေးနွေး ပြောကြားခဲ့သည်။

ဆက်လက်၍ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏  Book Club အဖွဲ့ဝင် မြို့နယ်စာရေးဆရာ အသင်းဥက္ကဋ္ဌ ဦးထွန်းထွန်းလင်း (ပန်းတကာမောင်ထွန်း)က “မင်္ဂလာသြဝါဒစကား” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပြီး အတွင်းရေးမှူး မိုးသဲအောင် (ပန်းမြေ)က “မျိုးဆက်သစ် တိုးတက်ရစ်ဖို့”  အကြောင်းအရာများကိုလည်းကောင်း၊ အဖွဲ့ဝင် ဦးတင်လှိုင်က “လူငယ်များသို့ မင်္ဂလာပါ၊ ဦးတင်အေးကျော် (သာယာဝတီ)က ကျွန်တော် ကျောင်ဆရာ”၊ ဦးထက်လွန်းတို့က “ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးရာ တက်ရောက်လာသူများမှ ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

သာယာဝတီခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ပြည်သူများအသိဉာဏ်ပညာဗဟုသုတများ တိုးပွားလာစေရန်အတွက် ဌာနဆိုင်ရာများ၊ စာပေချစ်မြတ်သူနိုးသူများဖြင့် စာဖတ်ဝိုင်းများ ပြုလုပ်ခြင်းနှင့် အသိပညာပေးခြင်း၊ Talk Show ဆွေးနွေးပွဲများ ပြုလုပ်ခြင်းများကို လစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန့်ဇော်