ဘီးလင်း ဇူလိုင် ၂၁
သထုံခရိုင်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်း၍ "အမျိုးသမီးများ အပေါ်အကြမ်းဖက်မှု တားဆီးကာကွယ်ရေး" (Talk Show) ဆွေးနွေးပွဲကို ယမန်နေ့ ညနေပိုင်းက ဘီးလင်းမြို့နယ်ရုံး Community Centre ခန်းမ၌ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင်း ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံက ဆွေးနွေးပွဲ ကျင်းပရခြင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညီညီဝင်းက ကျား၊ မ အခြေပြုအကြမ်းဖက်ခြင်း၏အဓိပ္ပါယ်၊ ရုပ်ပိုင်း ၊စိတ်ပိုင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်ခြင်းနှင့် အကြမ်းဖက်မှုကိုဖြစ်ပေါ်စေသည့်နေရာ၊ အကြောင်းအရင်း၊ အကြမ်းဖက်မှုကို ကျူးလွန်စေသည့်သူများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေး ဆောင်ရွက်နေမှုများနှင့် အကြမ်းဖက်မှုအတွက် တိုင်ကြားနိုင်သည့် လိပ်စာနှင့် ဖုန်းနံပါတ်များကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြ ကြောင်းသိရသည်။
ထူးနောင် ဘီးလင်း (ပြန်/ဆက်)