အလုံမြို့နယ်၌ သွေးလွန်တုပ်​ကွေးကြိုတင်ကာကွယ်​ရေးအတွက် ခြင်​ဆေးမှုတ်ခြင်းနှင့် အဘိတ်​ဆေးခတ်ခြင်းလုပ်ငန်းများ​ဆောင်ရွက်

ပြည်သူများ ခြင်မှတဆင့်ကူးစက်တတ်​သော သွေးလွန်တုပ်ကွေး​ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် ယ​မန်နေ့ည​နေ ၃ နာရီက ခြင်​ဆေးမှုတ်ခြင်းနှင့် အဘိတ်​ဆေးခတ်ခြင်း လုပ်ငန်းများ​ကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မိုင်းခုတ်မြို့၊ အ.ထ.က ၌ ကျောင်းသူအသင်း မိုးရာသီဘောလုံးပြိုင်ပွဲ ကျင်းပ

ကျောင်းသား၊ ကျောင်းသူများ ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရန်၊ နောင်တစ်ချိန်တွင် နိုင်ငံတော်က အားကိုးအားထားပြုရမည့် အားကစားသမားကောင်းများ ထွက်ပေါ်လာစေရန်နှင့် အဖွဲ့အစည်းအတွင်

မိုးနဲမြို့နယ်ပဒုမ္မာလမ်း တိုးချဲ့ကတ္တရာလမ်းခင်းခြင်းနှင့် ရေနုတ်မြောင်းတူးဖေါ်ခြင်း လုပ်ငန်းပြီးစီမှုအား ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် နောင်ကျော့ရပ်ကွက်ရှိ ပဒုမ္မာလမ်းအား လမ်းသားချဲ့ထွင်ခြင်း၊ ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် လမ်းဘေး(ဝဲ/ယာ) ရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်းကို မိုးနဲမြို့နယ်စည်ပင်သာယာရေးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ရာ လုပ်ငန်းများပြီးစီးနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် တာဝန်ရှိသူများက ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

စုကလိမြို့တွင် အစေ့ထုတ်ပြောင်းများ အောင်မြင်ဖြစ်ထွန်း

ကရင်ပြည်နယ် မြဝတီခရိုင် ၊ စုကလိမြို့သည် ရေခံမြေခံ ကောင်းမွန်သည့် မြို့တစ်မြို့ဖြစ်ပြီး ဒေသတွင်းစိုက်ပျိုးရေး တစ်ခုဖြစ်သည့် အစေ့ထုတ်ပြောင်းများအား ဒေသတွင်းစီးပွားရေး တစ်ခုအဖြစ် စိုက်ပျိုးလာရာ ယခုနှစ်တွင် ယခင်နှစ်ထက် ပိုမိုစိုက်ပျိုးအောင်မြင်လျက်ရှိကြောင်း သိရသည်။

မင်းဘူး(စကု)မြို့နယ်၌ ပဲတီစိမ်းသီးနှံ ၆၇၈၂ ဧက လျာထား စိုက်ပျိုး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးဦး ပဲတီစိမ်းသီးနှံ ၆၇၈၂ ဧက လျာထား စိုက်ပျိုးပြီးကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

စမ်းချောင်းမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး Booster Dose ဆက်လက်ထိုးနှံ

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်တွင် ကိုဗစ် - ၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေး မထိုးနှံရသေးသူ ပြည်သူများအား

မိုးနဲမြို့နယ်၌ မိုးရာသီ ပြောင်းသီးနှံများ စိုက်ပျိုးထားရာအောင်မြင်ဖြစ်ထွန်း

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ မိုးရာသီ ပြောင်းသီးနှံများကို ဝမ်‌ဟေ‌‌ကျေးရွာနေ ဦးလုံစော၏ ယာမြေ၌စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး မကြာမီ ချိုးယူနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

မြေအောက်ရေသွင်းစိုက်ပျိုးသည့် ထိုင်ဝမ်ခဝဲခင်းများ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင်ကျေးရွာများသည် စိုက်ပျိုးရေးလုပ်ငန်းများကို အသက်မွေးဝမ်းကျောင်း လုပ်ကိုင်ကြသည့် ကျေးရွာများဖြစ်ကြကာ ဈေးကွက်အတွင်း ရောင်းတန်းဝင်မည့် စားသုံးသီးနှံ၊ ဟင်းသီးဟင်းရွက် အမျိုးမျိုး စိုက်ပျိုးရောင်းချသည့် ကျေးရွာများဖြစ်ကြောင်း သိရကာ လဲဂွကျေးရွာနှင့် ညောင်ဖြူပင်ကျေးရွာတို့မှ တောင်သူများ ခဝဲသီးနှံ စမ်းသပ်စိုက်ပျိုးခဲ့ရာ အောင်မြင်ဖြစ်ထွန်းပြီး သီးသလောက်ရောင်းချရခြင်းကြောင့် ဈေးကွက်အခြေအနေ တွက်ခြေ ကိုက်နေကြောင်း လဲဂွကျေးရွာ ခဝဲစမ်းသပ်စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေသည့် တောင်သူ ဒေါ်ဌေးကြည်ထံက သိရသည်။

ဒေးဒရဲမြို့နယ်တွင် အိမ်ထောင်စုလူဦးရေ စာရင်း(ပုံစံ-၆၆/၆)များကို Software Program ရေးသွင်းခြင်း လုပ်ငန်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒေးဒရဲမြို့နယ်ရုံး၌  မြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) များကို Software Program ရေးသွင်းခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မအီမြို့နယ်တွင် ကျောင်းအခြေပြု/ပြည်သူအခြေပြု ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံခြင်းနှင့် အခြားကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်း ဆောင်ရွက်    

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ မအီမြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကျောင်းသား/ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက်  အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသူ/ကျောင်းသားများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm)ကို ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ မအီမြို့မှ တောင်ပေါ်ခရီး ၁၆ မိုင် ကွာဝေးသည့် မအီချောင်းဖျားရှိ လက်ပံကျေးရွာအုပ်စု၊ ခြေတော်ရာကျေးရွာ မူလတန်းကျောင်းတွင် ကွင်းဆင်းထိုးနှံပေးခဲ့ကြကြောင်း သိရသည်။
Subscribe to