နာဂဒေသ၊ ပန်ဆောင်မြို့၌ ဒေသထွက် မက်မန်းချီုသီးများ အရင်နှစ်ကထက် စျေးကောင်းရရှိ

ပန်ဆောင် ဇူလိုင် ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့တွင် ရာသီပေါ်သီးနှံတစ်ခု ဖြစ်သည့် မက်မန်းချီုသီးများ ပေါများစွာ ထွက်ရှိသဖြင့် ယခုနှစ်ထက် ပိုမို၍ စျေးကောင်းရရှိကြောင်း သိရသည်။

ရာသီပေါ်သီးနှံဖြစ်သည့် မက်မန်းသီးကို စျေးကွက်အတွင်းတို့ ရောင်းချရာတွင် ၅၀ ဿား တစ်အိတ် တွင် ငွေကျပ် ၁၀၀၀ ရရှိပြီး လေးထောင့်ပုံးတစ်ပုံးလျှင် ၁၀၀၀၀ ကျပ်ရရှိပြီး ယခင်နှစ်ထက် စျေးကောင်းရရှိကြောင်းနှင့် ရပ်နီးရပ်ဝေးမှ ပြည်သူများ ဝယ်ယူလျက်ရှိကြောင်း သိရသည်။ ပန်ဆောင်မြို့သည် တောင်ယာစိုက်ပျိုးခြင်းဖြင့် ရာသီပေါ်သီးနှံများ ခူးဆွတ်ရောင်းချခြင်း ဒေသတွင်း စီးပွားရေးဖြစ်သည့် ရိုးရာဖျာရက်လုပ်ခြင်းများဖြင့် အသက်မွေးဝမ်းဝမ်းကြောင်းလုပ်ငန်းများလည်း လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

ဂျာယော်(ပန်ဆောင်)