မင်္ဂလာဒုံမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ မြို့သန့်ရှင်းသာယာလှပစေရေးအတွက်  သန့်ရှင်းရေးဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ယနေ့နံနက်(၇)နာရီအချိန်က မင်္ဂလာဒုံမြို့နယ်၊ စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများစုပေါင်း၍

မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းမှ စာအုပ်လှူဒါန်းပွဲ မိတ္ထီလာ၌ ကျင်းပ

မိတ္ထီလာခရိုင်အတွင်း မြို့နယ် ၃ ခုရှိ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းအသင်းဝင် စာကြည့်တိုက်များသို့ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်းဒေးရှင်းမှ စာအုပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီ အချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် လူကြိုက်များသည့် ရာသီစာမျှစ်များ တူးဖော်ရောင်းချခြင်းဖြင့် အပိုဝင်ငွေရရှိ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၌ ဒေသနေပြည်သူများသည်တောင်ယာလုပ်ငန်း၊ လယ်ယာလုပ်ငန်းနှင့်တွဲဖက်ပြီး  မိုးဦးကျကာလတွင်ထွက်ရှိသည့် တောတောင်များတွင် သဘာဝအလျှောက် ပေါက်ရောက်နေသော လူကြိုက်များသည့် ရာသီစာမျှစ်များ တူးဖော်ရောင်းချခြင်းဖြင့် အပိုဝင်ငွေရရှိကာ မိသားစုစားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။

သာယာဝတီမြို့နယ်၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ ​သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား

တနင်္သာရီမြို့၌ ရေဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း အောင်မြင်စွာ ကျင်းပနိုင်ရေး ကော်မတီအဖွဲ့နှင့် အကြိုညှိနှိုင်းဆွေးနွေး

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ရေကြီးရေလျှံမှုများကြုံတွေ့ပါက လူ/ တိရစ္ဆာန်နှင့်ပစ္စည်းများ ထိခိုက်မှုအနည်းဆုံးဖြစ်စေဖို့အတွက် လေ့ကျင့်တတ်စေဖို့၊ ထိခိုက် လွယ်အုပ်စုများကို ဇာတ်တိုက်လေ့ကျင့်ခြင်း၌ ထည့်သွင်းစဉ်းစားလာစေဖို့နှင့် သဘာဝဘေး တုန့်ပြန်ရေးစီမံချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့ စသည့်ရည်ရွယ်ချက်များဖြင့်  ရေဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းလုပ်ငန်းကို အန္တရာယ်ကင်း၍ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကော်မတီဝင်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန် မြို့နယ်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမအတွင်း ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်မျို ကာကွယ်ရေးနှင့် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံရန် အသိပေးနှိုးဆော်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်မျိုးစိတ် သစ်"ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံနိုင်ရေးအတွက် အသိပညာပေး နှိုးဆော်မှုများကို ဒေသနေပြည်သူများ သိရှိစေရန်အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်(၉)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သာယာဝတီမြို့နယ်တွင် ရပ်ကွက်/ ကျေးရွာများအတွင်း ကူးစက်ရောဂါများမှကာကွယ်နိုင်ရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ကူးစက်ရောဂါများမှကာကွယ်နိုင်ရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ကျန်းမာရေးဌာနနှင့်ကြက်ခြေနီတပ်ဖွဲ့တို့ပူးပေါင်း၍ ယနေ့နံနက် ၈ နာရီက ရပ်ကွက်/ ကျေးရွာများအတွင်းအဖွဲ့များခွဲ၍ ဆောင်ရွက်ခဲ့သည်။

ကျောက်တံတားမြို့နယ်အတွင်းပြည်သူများ ကို‌ဗစ်-၁၉ ရောဂါကာကွယ်စေရေးအတွက် Mask Campaign ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၌ ပြည်သူများကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထား‌သော ကိုဗစ်(၁၉)ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ လိုက်နာစေရေးအတွက်

သရက်မြို့၌ လူငယ် နှင့် စာပေ ခေါင်းစဉ်ဖြင့် Talk Show ဆောင်ရွက်

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှှင့် Book Club အဖွဲ့တို့ ပူးပေါင်း ကျင်းပသည့် လူငယ်နဲ့စာပေ ခေါင်းစဉ်ဖြင့် Talk Show ဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၉)နာရီက ခရိုင်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ကျင်ပခဲ့သည်။

ပုပ္ပားဒေသထွက် နဂါးမာက်သီးများ လှိုင်လှိုင်ပေါ်ချိန် တစ်ကီလို ၁၀၀၀ကျပ်သာ ရောင်းချ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားဒေသထွက် နဂါးမောက်သီးများ လှိုင်လှိုင်ပေါ်ချိန် တစ်ကီလို ၁၀၀၀ကျပ်သာ ရောင်းချနေရကြောင်း ဆင်ဆင်းကျေးရွာ နဂါးမောက်ခြံစိုက်တောင်သူ ဒေါ်စန်းစန်းမြင့်ထံက သိရသည်။
Subscribe to