ဒေးဒရဲမြို့နယ်၌ အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ   ဆက်လက်ထိုးနှံပေး

ဒေးဒရဲ ဇူလိုင် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်တွင် ပညာသင်ယူလျက်ရှိသည့် အခြေခံပညာကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိစေရန်၊ အတူနေ မိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါ ကူးစက် ပြန့်ပွားမှုကို တားဆီးနိုင်ရန် ရည်ရွယ်၍  အသက် (၅)နှစ်မှ (၁)နှစ်ထိ  အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများကို  ယမန်နေ့ နံနက်ပိုင်းက  မြို့ပေါ် သာသနာ့ဗိမာန်တော်ကြီးနှင့်ကျေးရွာများရှိ အခြေခံညာ ကျောင်းများတွင်  ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်အတွင်းရှိ  မြို့ပေါ်နှင့် ကျေးရွာအုပ်စု (၉၃)အုပ်စုရှိ အခြေခံပညာကျောင်း (၂၁၉)ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၂)ကျောင်း၊ စုစုပေါင်း(၂၂၁)ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ (၂၀၃၅၀)ဦးအား  ဒုတိယအကြိမ် ကာကွယ်ဆေးများ ဆေးထိုးနှံ ပေးလျက်ရှိရာ ယနေ့အထိ(၇၀၄၅)ဦးနှင့် ၅နှစ်မှ ၁၅နှစ်အတွင်း ကာကွယ်ဆေးထိုးရန် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့အထိ(၁၄၅၀)ဦးအား ပထမအကြိမ် ကာကွယ်ဆေးများကို မိဘများ၏ သဘောတူခွင့်ပြုချက်ဖြင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးများ ထိုးနှံပြီးစီးကြောင်း သိရသည်။

အေဇာလင်း