အောင်လံ ဇူလိုင် ၂၆
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ အောင်လံခရိုင်အုပ်ချုပ်ရေးမှူး မြင့်သန်းနှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းက မြို့ရွာသန့်ရှင်းသာယာလှပရေး အလေးထားဆောင်ရွက်ရန်၊ ဌာနဆိုင်ရာများ ရုံးတွင်းရုံးပြင် သန့်ရှင်းရေးအလေးထားဆောင်ရွက်ရန်၊ ဒေသဖွံ့ဖြိုးရေးစီမံကိန်းများ လုပ်ကိုင်ဆောင်ရွက်နေသည့် ဌာနများအနေဖြင့် လုပ်ငန်းများ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ရန်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက်တက်ရောက်လာသော ဌာနဆိုင်ရာများ၏ ဆွေးနွေးတင်ပြချက်များအပေါ် ခရိုင်အုပ်ချုပ်ရေးမှူးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)