ပြည်မြို့ ရွှေတစ်ချောင်လမ်း၌ (Mask Campaign) ပြုလုပ်

ပြည် ဇူလိုင် ၂၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့ ရွှေတစ်ချောင်းလမ်း၌ ယနေ့ နံနက် ၈ နာရီခွဲအချိန်က ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က (Mask Campaign) ပြုလုပ်ခဲ့သည်။

အဆိုပါ (Mask Campaign) ၌ မြို့နယ်ထွေအုပ်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဌာနဆရာ၊ ဆရာမများ၊ မြို့နယ်ပြန်/ဆက်နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းပါဝင်သောအဖွဲ့က ပြည်မြို့အတွင်း ခရီးသွားလာနေကြသော ပြည်သူများနှင့် ဈေးသွားဈေးလာများအား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုပြန်လည် ထိန်းချုပ်နိုင်ရန်ရည်ရွယ်၍ ပါးစပ်နှာခေါင်းစည်း (Mask) မတပ်ဆင်ဘဲသွားလာနေကြသော ခရီးသွားပြည်သူများအား mask များပြန်လည် တပ်ဆင်ပြီးသွားလာကြရန် အသိပေးနှိုးဆော်ခြင်းများပြုလုပ်ပြီး ပါးစပ်နှာခေါင်းစည်း mask များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကိုစိုး(ပြည်)