ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ပြည်သူ့ဆက်ဆံရေး ဘာသာရပ်သင်တန်း အမှတ်စဉ် (၂/၂၀၂၂) သင်တန်းဖွင့်ပွဲကျင်းပ

နေပြည်တော်  ဇွန် ၂၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ပြည်သူ့ဆက်ဆံရေးဘာသာရပ်သင်တန်း အမှတ်စဉ်(၂/၂၀၂၂)ဖွင့်ပွဲအခမ်းအနားကို  ယမန်နေ့ ညနေ ၄ နာရီအချိန်က အဆိုပါဦးစီးဌာန၊ နေပြည်တော်ယာဉ်မောင်းစစ်ဆေးရေးဌာန သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦး‌ဇော်မင်းဦးက အမှာစကားပြောကြားရာတွင် ဌာနဝန်ထမ်းများအနေဖြင့် ဝန်ဆောင်မှုပေးရာတွင် ပြည်သူတစ်ဦးနေဖြင့် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်ဆိုင်ရာ လိုအပ်မှုများကို အချိန်တိုအတွင်း အဆင်ပြေစွာဖြင့် စိတ်ကြေနပ်မှုရရှိစေရန်ရည်ရွယ်၍ ယခုလို သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ သင်တန်းမှရရှိသော အသိပညာဗဟုသုတများဖြင့် ပြည်သူကို ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများပေးရန်၊ ပြုံးရွှင်ယဉ်ကျေးစွာ  ပြုမူပြောဆိုဆက်ဆံကြစေရန်ဖြစ်ပြီး သင်တန်းမှသင်ကြားပို့ချမှုများကို သေချာစွာလေ့လာမှတ်သားကြရန်နှင့် နားလည်သဘောပေါက်ပြီး နှလုံးသွင်းဆင်ခြင်၍ ပြည်သူအားစိတ်ကျေနပ်မှုနှင့် စိတ်ချမ်းမြေ့မှုရရှိစေရန် ဝန်ထမ်းတိုင်းက အကောင်းဆုံး ဝန်ဆောင်မှုပေးကြရန်ဖြစ်ပါကြောင်း ပြောကြားပါသည်။

အဆိုပါ ပြည်သူ့ဆက်ဆံရေးသာသာရပ်သင်တန်း(၂/၂၀၂၂)ကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန(ရုံးချုပ်)နှင့် နေပြည်တော်တိုင်းရုံးတို့မှ ဝန်ထမ်းစုစုပေါင်း ၅၀ ဦး တက်ရောက်ကြပြီး သင်တန်းတွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ဝန်ဆောင်မှုလုပ်ငန်းများနှင့် ပြည်သူ့ဆက်ဆံရေးကဏ္ဍ၊ ကောင်းမွန်သောဝန်ဆောင်မှုပေးခြင်းနှင့် သုံးသပ်ဆောင်ရွက်ရမည့် အခြေအနေအရပ်ရပ်၊ မေတ္တာအပြုံးနှင့်ဂရုဏာနှလုံးသား၊ ပြည်သူ့ဆက်ဆံရေးသင်ခန်းစာမှတ်စုတို့ကို ရက်သတ္တ တစ်ပတ်ကြာသင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

(မျိုးလေး-ပြန်/ဆက်)