မိုင်းကိုင် ဇူလိုင် ၂၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၏ (ဒုတိယအကြိမ်) ပန်းခင်းစီမံချက်အရ နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးလျှက်ရှိရာ ယနေ့မနက်ပိုင်းက မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ဦးစီးအရာရှိ ဦးထွန်းလှကျော်နှင့် ဝန်ထမ်းများက အခြေခံပညာအထက်တန်းကျောင်း၊ မြတ်သီရိခန်းမ၌ အသက် ၁၀ နှစ်နှင့်အထက် ကျောင်းသားကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ကွင်းဆင်းမှုတွင် ကျောင်းသား/ကျောင်းသူများ၏ နိုင်ငံသားကိုယ်ရေးမှတ်တမ်းအချက်အလက်များနှင့် မျိုးရိုးစဉ်ဆက်ဇယားများအား စစ်ဆေး၍ ပုံစံဖြည့်သွင်းပေးခြင်း၊ အရပ်အမောင်းတိုင်းတာပေးခြင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သွေးအုပ်စုများစစ်ဆေးပေးခြင်းများကို ပူးပေါင်းဆောင်ရွက်ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦးက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။
ထို့သို့ဆောင်ရွက်ရာတွင် မိုင်းကိုင်မြို့နယ်၏ (ဒုတိယအကြိမ်) ပန်းခင်းစီမံချက် လျာထားဦးရေ ၃၁၃၃ ဦး ရှိသည့်အနက် အခြေခံပညာအထက်အတန်းကျောင်း (မိုင်းကိုင်)မှ ကျောင်းသား ကျောင်းသူ ၁၁၃ ဦးကို နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးရေး စတင်ကွင်းဆင်း ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)