ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင်  ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး (Talk Show)ကျင်းပ 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု(Community Centre) ခန်းမတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ကမ္ဘာမြေကြီးလှပဖို့ သစ်ပင်စိုက်ကြစို့ ခေါင်းစဉ်ဖြင့် အသိပညာပေး (Talk Show)ကို ယမန်နေ့ မွန်းလွဲ (၁) နာရီက ကျင်းပခဲ့သည်။ 

သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show အစီအစဉ်ကို ယမန်နေ့ နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဗိုလ်တထောင်မြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁ဝ နာရီက အမှတ် ၁၀ ရပ်ကွက်၊ အ.ထ.က(၄) ကျောင်းခန်းမ၌ ကျင်းပ‌ခဲ့ကြောင်း သိရသည်။

မင်းဘူး(စကု)မြို့နယ်၌ ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် စစ်ဆေးခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ရွာသာကျေးရွာတွင် ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်၊ စစ်ဆေးခြင်းကို ယမန်နေ့ ညနေ ၃ နာရီအချိန်က စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် ကျောင်းစုကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း အကောင်အထည်ဖော် ဆောင်ရွက်မှု ၅၇ ရာခိုင်နှုန်းခန့် ပြီးစီး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျောင်းစုကျေးရွာတွင် ဒေသခံ ကျေးလက်နေပြည်သူများ သီးနှံ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယခု ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် လမ်းအရှည် ၁/ ၃ ဒသမ ၅၂ မိုင်အား ကျေးလက်ကုန်ထုတ်လမ်း အကောင်အထည်ဖော် ဖောက်လုပ်ပေးလျက်ရှိရာ ယခုအခါ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု ၅၇ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)များ Software program ထည့်သွင်းခြင်းလုပ်ငန်း ဆက်လက်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ Online System ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)များ Software program ထည့်သွင်းခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့ချိန်ထိ လူဦးရေစာရင်းပုံစံ(၆၆/၆)များ (၂၂၉၄) ဆောင်ရွက်ပြီးစီးနေကြောင်း သိရသည်။

ပြည်မြို့တွင် E-library Management System Software အသုံးပြုနည်း ဆင့်ပွားသင်တန်းဖွင့်လှစ်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန Community Centreခန်းမ၌ ယနေ့နံနက် ၁၀ နာရီက E-library Management System Software အသုံးပြုနည်း ဆင့်ပွားသင်တန်းဖွင့်လှစ်ခဲ့သည်။

ဒေါပုံမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့် လွှမ်းခြုံနိုင်ရေး ပြည်သူများအား တတိယအကြိမ် (Booster dose) ဆက်လက်ထိုးနှံ

ကျန်းမာရေးဝန်ကြီးဌာနသည် အသက် ၁၅ နှစ်နှင့်အထက် ပြည်သူများအားလုံးနှင့် အသက် ၅ နှစ်မှ အသက် ၁၈ နှစ်အထိ အခြေခံပညာ ကျောင်းသူ/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေးလျက်ရှိပြီး အသက် ၁၈ နှစ်နှင့်အထက် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးစီးမှုကာလ ၆ လနှင့်အထက်ရှိသော ပြည်သူများအား ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ် အထက(၁)ကျောင်းတွင် သတ်မှတ်ဆေးထိုး ကာကွယ်ဆေးထိုးနှံမှု ရာနှုန်းပြည့်မီလွှမ်းခြုံနိုင်ရန်အကြောင်း အမျိုးမျိုးကြောင့် ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများအား ယနေ့ နံနက်ပိုင်းတွင် ဆက်လက်ထိုးနှံပေးခဲ့‌ ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ် Community Centre ခန်းမ၌ တိုင်းရင်းဆေးဝါးဆိုင်ရာ အသိပညာပေး ‌‌‌Talk Show ပြုလုပ်

ဒေးဒရဲမြို့နယ် Community Centre ခန်းမ၌ တိုင်းရင်းဆေးဝါးဆိုင်ရာ အသိပညာပေး ‌‌‌Talk Show ပြုလုပ် ဒေးဒရဲ ဇူလိုင် ၂၇ မြင့်မြင့်ခိုင် မြို့နယ်(ပြန်/ဆက်)၏

ဘားအံမြို့နယ်တွင် မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းဆရာဖြစ်သင်တန်းဖွင့်လှစ်

မသန်စွမ်းသူများ၏အခွင့်အရေးကို အပြည့်အဝဖော်ဆောင်ပေးနိုင်ရေး၊ လိုအပ်သောအကူအညီ အထောက်အပံ့များကို ပံ့ပိုးဖြည့်ဆည်းပေးနိုင်ရေးအတွက် မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်း ဆရာဖြစ်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ကျင်းပခဲ့သည်။
Subscribe to