ဒေါပုံမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့် လွှမ်းခြုံနိုင်ရေး ပြည်သူများအား တတိယအကြိမ် (Booster dose) ဆက်လက်ထိုးနှံ

ဒေါပုံ ဇူလိုင် ၂၇

ကျန်းမာရေးဝန်ကြီးဌာနသည် အသက် ၁၅ နှစ်နှင့်အထက် ပြည်သူများအားလုံးနှင့် အသက် ၅ နှစ်မှ အသက် ၁၈ နှစ်အထိ အခြေခံပညာ ကျောင်းသူ/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေးလျက်ရှိပြီး အသက် ၁၈ နှစ်နှင့်အထက် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးစီးမှုကာလ ၆ လနှင့်အထက်ရှိသော ပြည်သူများအား ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ် အထက(၁)ကျောင်းတွင် သတ်မှတ်ဆေးထိုး  ကာကွယ်ဆေးထိုးနှံမှု ရာနှုန်းပြည့်မီလွှမ်းခြုံနိုင်ရန်အကြောင်း အမျိုးမျိုးကြောင့် ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများအား ယနေ့ နံနက်ပိုင်းတွင် ဆက်လက်ထိုးနှံပေးခဲ့‌ ကြောင်း သိရသည်။

သတ်မှတ်ဆေးထိုးစုရပ်တွင်   ပထမအကြိမ်နှင့် ဒုတိယအကြိမ် ကာကွယ်၊ တတိယအကြိမ် (Booster dose) ကာကွယ်‌ဆေးထိုးနှံသူ စုစုပေါင်း (၁၁၃) ဦး တို့အား ဇူလိုင် ၂၇ ရက် နေ့က ဆက်လက်ထိုးနှံပေးခဲ့သည်။ ကာကွယ်ဆေး ထိုးနှံ‌ပေးရာတွင် မြို့နယ်ကြက်ခြေနီ အသင်းဝင်များ၊ ရပ်ကွက်တာဝန်ရှိသူများမှ လိုအပ်သည်များ ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သူဇာဝင်း