ပွင့်ဖြူမြို့နယ် ကျောင်းစုကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း အကောင်အထည်ဖော် ဆောင်ရွက်မှု ၅၇ ရာခိုင်နှုန်းခန့် ပြီးစီး

ပွင့်ဖြူ ဇူလိုင် ၂၈

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျောင်းစုကျေးရွာတွင် ဒေသခံ ကျေးလက်နေပြည်သူများ သီးနှံ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယခု ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် လမ်းအရှည် ၁/ ၃ ဒသမ ၅၂ မိုင်အား ကျေးလက်ကုန်ထုတ်လမ်း အကောင်အထည်ဖော် ဖောက်လုပ်ပေးလျက်ရှိရာ ယခုအခါ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု ၅၇ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။

အဆိုပါ ကျေးလက်ကုန်ထုတ်လမ်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်းကို ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ် ၊  ပြည်ထောင်စုရန်ပုံငွေကျပ် ၄၆ ဒသမ ၉၆၅ သန်းဖြင့် တင်ဒါအောင်မြင်သော မကွေးမြို့၊ Shwe Group ကုမ္ပဏီမှ တာဝန်ယူ၍ လမ်းအရှည်ပေ ၁/၃ ဒသမ ၅၂ မိုင်အား လမ်းအကျယ် ၁၂ ပေ ၊ ထု ၁ ပေ ၉ လက်မ မြေနီကျောက်စရစ် ကျောက်ရော မြေခင်းခြင်းအမျိုးအစား ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းကို ဇွန်လ ၁၄ ရက်နေ့က လုပ်ငန်း စတင် ဆောင်ရွက်ခဲ့ပြီး ယမန်နေ့နံနက်ပိုင်းတွင် လုပ်ငန်းပြီးစီးမှု ၅၇ ရာခိုင်နှုန်းခန့် ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

ယမန်နေ့ နံနက်ပိုင်းက ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက်နေမှုအား တင်ဒါပါစည်းကမ်းချက်များနှင့်အညီ လုပ်ငန်းအရည်အသွေး ပြည့်မီခြင်း ရှိ/မရှိနှင့် သတ်မှတ်လမ်းအကျယ် ပြည့်မီခြင်း ရှိ/ မရှိ တို့ကို မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် ဝန်ထမ်းများအဖွဲ့က မြေပြင် ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ဒေသခံ ကျေးလက်နေပြည်သူများ လယ်ယာသီးနှံ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ကျေးလက်ကုန်ထုတ်လမ်းအား လုပ်ငန်းအရည်အသွေး ပြည့်မီစေရန်နှင့် သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးအောင် ကြိုးပမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများအား ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။

ယခု အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက်ပြီးစီးပါက ပွင့်ဖြူမြို့နယ် ကျောင်းစုကျေးရွာရှိ အိမ်ခြေ ၉၀၂ အိမ်ရှိ လူဦးရေ ၃၇၈၆ ဦး၏ လယ်မြေဧက ၄၀၀ အား ရာသီမရွေး အဆင်ပြေစွာ သွားလာစိုက်ပျိုးလုပ်ကိုင်နိုင်မည့်အပြင် သီးနှံစိုက်ခင်းများမှ ထွက်ရှိသော သီးနှံထွက်ကုန်များကိုလည်း ဈေးကွက်သို့ အချိန်ကုန် လူပင်ပန်းသက်သာစွာဖြင့် ပို့ဆောင် ရောင်းချနိုင်မည်ဖြစ်၍ ဒေသခံပြည်သူများ၏ ကျေးလက်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး များစွာအကျိုးပြုပေးနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ပြောသည်။  

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)