ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်းရှိ တိုင်းရင်းသူများအတွက် ဖွင့်လှစ်ပေးသည့် အခြေခံစက်ချုပ် သင်တန်းဆင်းပွဲသို့ တက်ရောက် အမှာစကားပြောကြား

ကချင်ပြည်နယ်၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ အသေး စားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ရက်ကန်းနှင့်အသက်မွေးပညာ သင်တန်းကျောင်းတို့ ပူးပေါင်း၍ ပြည်နယ်အတွင်းရှိ တိုင်းရင်းသူများအတွက် တစ်ပိုင်တစ်နိုင်လုပ်ငန်းငယ်များ လုပ်ကိုင်နိုင်ပြီး မိသားစုစားဝတ်နေရေး အဆင်ပြေလာစေရန် ရည်ရွယ်ပြီး

ဘီးလင်းမြို့နယ်၌ ငှက်ဖျားကူးစက်မှုပပျောက်ရေးစံပြမြို့နယ် လုပ်ငန်းဆွေးနွေးပွဲကျင်းပ

သထုံခရိုင်၊ ဘီးလင်းမြို့နယ်၌ ငှက်ဖျားကူးစက်မှုပပျောက်ရေး စံပြမြို့နယ်လုပ်ငန်း အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ဘီးလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအ​ဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ဒေးဒရဲမြို့နယ်သမဝါယမအသင်းစု နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် သမဝါယမအသင်းစု၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်နှင့် ၂၀၂၁-၂၀၂၂ ကြားကာလတို့အတွက် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်သမဝါယမဦးစီးဌာန၌ ကျင်းပခဲ့သည်။

ပေါင်မြို့နယ် ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ U(16) အမျိုးသားဘောလုံးပြိုင်ပွဲကျင်းပ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အားကစားနှင့် ပညာရေးဌာနတို့ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အရ မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ U(16) အမျိုးသားဘောလုံးပွဲကို မြို့မဘောလုံးအားကစားကွင်း၌ ကျင်းပပြုလျက်ရှိကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်၊ အင်းဒူးကျေးရွာ သာသနာဇောတိက ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဣဿရိယ၏ အန္တိမစျာပန အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ အင်းဒူးကျေးရွာအုပ်စု၊ အင်းဒူးကျေးရွာ၊ သာသနာ ဇောတိကကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဣသရိယ သက်တော်(၉၂)နှစ်၊ သိက္ခာတော်(၇၂)ဝါ မဟာထေရ်မြတ်ကြီး၏ ဥတုဇရုပ်ကလပ်တော်အား အန္တိမအဂ္ဂိစျာပန သာဓုဏီဠနပူဇာသဘင် အခမ်းအနားကို ယမန်နေ့မွန်းလွဲ(၁)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

သထုံခရိုင် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနခန်းမ၌ "တော၊ တောင်၊ ရေ၊ မြေ စိမ်းလန်းဖို့ သစ်ပင်စိုက်ကြစို့" ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေပွဲ (Talk Show) ပြုလုပ်

မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်သစ်တောဦးစီးဌာနတို့ ပူးပေါင်းကာ ယနေ့၊ မွန်းလွဲပိုင်းက "တော၊ တောင်၊ ရေ၊ မြေ စိမ်းလန်းဖို့ သစ်ပင်စိုက်ကြစို့" ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲ (Talk Show) အစီအစဉ် ကျင်းပ ပြုလုပ်ခဲ့သည်။

နမ့်ခမ်းမြို့၌ စာဖတ်ဝိုင်း ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် ဒေသခံပြည်သူများအား အသိပညာဗဟုသုတ တိုးပွားစေရန်နှင့်စာဖတ်ဝါသနာပါသူများ တိုးပွာလာစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် စာပေဝါသနာရှင်များ(Book Culb) အသင်းတို့က ပူးပေါင်း၍ ယနေ့နံနက်(၁၁) နာရီ အချိန် စာရေးဆရာ အောင်သင်း၏ “ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကလေးအလုပ်သမား ပပျောက်ရေးအသိပညာပေးဆွေးနွေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကလေးအလုပ်သမား ပပျောက်ရေးအသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက် (၁၀) နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။

ပြည်ကြီးမဏ္ဍိုင်မြို့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်စေရန် ရည်ရွယ်၍ မြို့ပြည်သူ့ဆေးရုံ၌ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် (၁၀) ဦးအား ကိုဗစ်ရောဂါကာကွယ်ဆေး Covaxin ကို ယနေ့မွှန်းလွဲ ၂ နာရီ အချိန်တွင် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဆီဆိုင်မြို့နယ်တွင် အခွန်လွတ်သာသနာ့မြေဂရန်လျှောက်ထားသည့် မြေနေရာများအား ကွင်းဆင်းကြည့် ရှုစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် အခွန်လွတ်သာသနာ့ မြေဂရန်လျှောက်ထားသည့် မြေနေရာများကို ယနေ့ နံနက်ပိုင်းက
Subscribe to