တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ရဟန်းရှင်သံဃာတော်များနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster ဆက်လက်ထိုးနှံပေး
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရေးအတွက် အသက်(၁၈)နှစ်နှင့်အထက် ရဟန်းရှင် သံဃာတော်များနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ အကြိမ်ပြည့် နှင့် Booster ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီမှစ၍ အမှတ် (၆) ရပ်ကွက်ရှိ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဆက်လက်ထိုးနှံဆောင်ရွက်ပေးကြောင်း သိရသည်။