မင်းဘူး ဇူလိုင် ၂၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ရွာသာကျေးရွာတွင် ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်၊ စစ်ဆေးခြင်းကို ယမန်နေ့ ညနေ ၃ နာရီအချိန်က စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အသိပညာပေး ဟောပြောပွဲတွင် မင်းဘူးခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးစိုးအိက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့် ကြိုတင်ကာကွယ် စောင့်ရှောက်မှုများကိုလည်းကောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးကျော်ဇင်မင်းက သွေးလွန်တုပ်ကွေးအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ သားဖွားဆရာမ ဒေါ်ခိုင်သဇင်က ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးစောင့်ရှောက်ခြင်းနှင့် ပတ်သက်သော အသိပညာပေး ဗဟုသုတများကိုလည်းကောင်း ဆွေးနွေး ဟောပြောခဲ့ကြကြောင်း သိရသည်။
ထို့နောက် ဖုံး၊ သွန်၊ လဲ၊ စစ် စစ်ဆေးရာတွင် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးစိုးအိနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိ၊ ရပ်ဖများက တစ်အိမ်ဝင် တစ်အိမ်ထွက် အသိပညာပေး ဟောပြောခြင်းများနှင့် ခြင်လောက်လန်းများ မပေါက်ပွားစေရန် ရေတွင်း၊ ရေကန်၊ ရေအိုးများနှင့် ပန်းအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ် စစ်ဆေးခြင်းများနှင့် အဘိတ်ဆေး ခတ်ခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဇေယျာထက်(မင်းဘူး)