ဒဂုံအရှေ့ ဇူလိုင် ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ Online System ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)များ Software program ထည့်သွင်းခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့ချိန်ထိ လူဦးရေစာရင်းပုံစံ(၆၆/၆)များ (၂၂၉၄) ဆောင်ရွက်ပြီးစီးနေကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆) (၃၄၃၁၀)အား Software programထည့်သွင်းခြင်းကို ဇူလိုင် ၁၇ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ ယနေ့ထိ လူဦးရေစာရင်းပုံစံ(၂၂၉၄) ဆောင်ရွက်ပြီးစီးကြောင်းနှင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
ထိုသို့ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများမှ အကူအညီရယူကာ ကွန်ပြူတာအစုံ (၁၀)ဖြင့် Database သို့ ထည့်သွင်းခြင်းကို နေ့စဉ်နံနက် ၉ နာရီခွဲချိန်မှ ညနေ ၄ နာရီခွဲချိန်ထိ သက်မှတ်ကာလအတွင်း အောင်မြင်စွာ ပြီးစီးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းအိမွန်