ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် “မီဒီယာနှင့်သတင်းအချက်အလက် သိနားလည်မှု” (Media and Information Literacy) စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

စမ်းချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ပြီးစီးရေး ဆက်လက်ထိုးနှံ

ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူ ပြည်သူများအား မုန့်လုပ်ဆောင်းကုန်း/ တောင်ရပ်ကွက်၊ ဟံသာဝတီ လမ်းရှိ အထက(၁) ကျောင်းဝင်းအတွင်းတွင် ယမန်နေ့​ နံနက်(၉)နာရီက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံသူ (၇၀)ဦး၊ ဒုတိယအကြိမ်ထိုးနှံသူ (၄၈)ဦးနှင့် Booster Dose ထိုးနှံသူ (၂၃၄)ဦး စုစုပေါင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံသူ (၃၅၂)ဦး အား ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လမ်းမတော်မြို့နယ်တွင် ကာကွယ်ဆေး မထိုးနှံရသေးသူ ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေး မထိုးနှံရသေးသူ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ယနေ့ နံနက် ၉ နာရီအချိန်က ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း ဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန၌ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားစေရေးအတွက် ရုံးလုပ်ငန်း ကျွမ်းကျင်မှုသင်တန်းကို ဇူလိုင်လ ၂၇ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

တာမွေမြို့နယ်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မြန်မာ့ရိုးရာ စကားပုံဆက်ပြိုင်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား လူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ မြန်မာ့ရိုးရာ စကားပုံများအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး မြန်မာ့စာပေနှင့် မြန်မာ့ယဉ်ကျေးမှုတို့ကို ချစ်မြတ်နိုး၍ ထာဝစဉ်ထိန်းသိမ်းကာကွယ် စောင့်ရှောက် တတ်စေရန်နှင့် ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်လိုစိတ်များ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍

ကျိုင်းတုံမြို့ နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြော

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာအုပ်စု၊  ယန်းလူး အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက ပြုလုပ်ခဲ့ကြောင်

ပြည်ထဲရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများမှ ဘုန်းတော်ကြီးကျောင်းစာသင်တိုက်များအား ဆွမ်းဆန်များ ဆက်ကပ်လှူဒါန်း

မြို့ပေါ်ဘုန်းတော်ကြီး ကျောင်းစာသင်တိုက်များအား ဆွမ်းကိစ္စများ တစ်ဖက်တစ်လမ်းမှ အဆင်ပြေကြစေရေး ကာလဒါနသံဃိကအလှူတော်အဖြစ် ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ၏ ဆွမ်းဆန်တော်လှူဒါန်းမှုအဖြစ် ကော့သောင်းခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ယမန်နေ့မွန်းလွဲပိုင်းက ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

လားရှိုးမြို့တွင်းလမ်းပိုင်းအား (၄)လမ်းသွား ကတ္တရာကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၌ မြို့ဝင်မုခ်ဦးမှစတင်ကာ လားရှိုး-သိန္နီအထွက်လမ်းပိုင်းရှိ အေတီတံတားအထိ(၄)လမ်းသွား ကတ္တရာကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်နေကြောင်း သိရသည်။

စီးပွားရေးတက္ကသိုလ်(ရွာသာကြီး)ကျောင်းဝင်းအတွင်း ရေဝပ်၊ ရေလျှံမှု၊ မြို့နယ်စည်ပင်မှ စက်ယန္တရားကြီးများဖြင့် ရှင်းလင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း မိုးများစွာရွာသွန်းမှုကြောင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ် (၂)လမ်းမကြီးပေါ်ရှိ စီးပွားရေးတက္ကသိုလ် (ရွာသာကြီး) ကျောင်းဝင်းအတွင်း ရေဝပ်၊ ရေလျှံမှုများဖြစ်ပေါ်သဖြင့် မြို့နယ်စည်ပင်မှ စက်ယန္တရားများဖြင့် ရှင်းလင်းဆောင်ရွက်ပေးရာ ဒဂုံမြို့သစ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကို၊ ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းနိုင်၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေမောင်တို့က လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်၍ ပူးပေါင်းဆောင်ရွက်အပေးနိုင်ရန် ၂၅.၇.၂၀၂၂ ရက်နေ့က ကွင်းဆင်းကြည့်ရှု စစ်ဆေးကြောင်းသိရသည်။
Subscribe to