(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ မအူပင်ခရိုင် အဆင့် အစမ်းလေ့ကျင့်မှုအားကြည့်ရှုစစ်ဆေး

မအူပင် ဇူလိုင် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ မအူပင်ခရိုင်အဆင့် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မအူပင်မြို့တိုးရွှေဝါခန်းမတွင် အစမ်း လေ့ကျင့်မှုအား ကျင်းပပြုလုပ်သည်။

အဆိုပါ အစမ်းလေ့ကျင့်မှုအား မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ အဖွဲ့ဝင် (၁) ဒုတိယ ဗိုလ်မှူးကြီး နိုင်လွင်၊  မအူပင်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အေးလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များအား ဆွေးနွေး မှာကြားခဲ့သည်။

(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင် နိုင်ရေးအတွက်  မအူပင်ခရိုင် အဆင့်ပြိုင်ပွဲအား ဇူလိုင်လ ၃၀ ရက်နေ့မှ ၃၁ ရက်နေ့အထိ မအူပင်မြို့တိုးရွှေဝါ ခန်းမတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မအူပင်ခရိုင်(ပြန်/ဆက်)