တောင်ငူ ဇူလိုင် ၂၉
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်အမှတ် ၇ ရပ်ကွက်၊ ခေမာလမ်းအတွင်း ဖွင့်လှစ်ထားသည့် မိုးကောင်းကင်အမည်ရှိ စားသောက်ဆိုင်တွင် ယနေ့နံနက် ၆ နာရီ ၂၀ မိနစ်ခန့်က လျှပ်စစ်ဝါယာလျှော့မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့်အတူ တောင်ငူခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်ဝင်း ဦးစီး၍ မီးငြှိမ်းသတ်ယာဉ် ၈ စီး၊ ပရဟိတအသင်းအဖွဲ့မှ မီးငြှိမ်းသတ်ယာဉ် ၂ စီး တို့ဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့များ၊ ရဲတပ်ဖွဲဝင်များ၊ ရပ်ကွက်သူ ရပ်ကွက်သားများမှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြောင်း၊ နှစ်ထပ်အဆောက်အဦ သွပ်မိုးအုတ်ကာနှင့် ပရိဘောဂပစ္စည်းများ မီးလောင်ကျွမ်းခဲ့ကြောင်း၊ ပတ်ဝန်းကျင်ရှိ နေအိမ်များ မီးမကူးစေရေးအတွက် တာဝန်ရှိသူများက ဝိုင်းဝန်းစီမံဆောင်ရွက်လျက်ရှိကြောင်းနှင့် အဆိုပါမီးလောင်မှုကြောင့် လေဖြတ်ဝေဒနာခံစားရနေသူ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်