မိုင်းနောင်မြို့ရေစုကန် ကမ်းပါးပြိုကျမှုမရှိစေရေးနှင့် ရေကောင်းရေသန့်ရရှိရေး ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မိုင်းနောင်  သြဂုတ် ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့အတွင်းရှိ မိဘပြည်သူများ အသုံးပြုလျက်ရှိသော ရေထွက်ရှိရေစုကန်တွင် ကမ်းပါးများပြိုကျမှုမရှိစေရေးနှင့် ရေကောင်းရေသန့်ရရှိရေး၊ အဆင်ပြေပြေအသုံးပြုနိုင်ရေးအတွက် မြေထိုးခြင်း၊ သန့်ရှင်း​ရေးပြုလုပ်ခြင်းများကို ယမန်နေ့ ညနေ(၃)နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မိုးတွင်းကာလ အတွင်းဖြစ်ပေါ်တတ်သော သဘာဝဘေးန္တရာယ်များနှင့် တောင်ကျရေများ တိုက်စားခြင်းကြောင့်မကြာခဏ ကမ်းပါးပြိုကျခြင်း၊ အမှိုက်များပိတ်ဆို့ခြင်း များကြောင့် ရေကောင်းရေသန့်နှင့်စိုက်ပျိုးရေ ရရှိရေးအခက်အခဲများ မရှိစေရေးအတွက် ကမ်းပါးများ စနစ်တကျပြန်လည်ပြုပြင်ခြင်း၊ ရေစုကန်ပတ်ဝန်းကျင် သန့်ရှင်းရေးပြုလုပ်ခြင်းများကို မြို့ပေါ်(၅)ရပ်ကွက်အတွင်းရှိ မိဘပြည်သူများ၏အစီအစဉ်ဖြင့် ပူးပေါင်းဆောင်ရွက် ကြောင်းသိရသည်။

လုပ်ငန်းဆောင်ရွက်ထားရှိသည့် ရေစုကန်ပြုပြင်ရာနေရာသို့ ခေတ္တ မြို့အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းနှင့် ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ မြို့ပေါ်(၅)ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများက သွားရောက်ကြည့်ရှုစစ်​ဆေးကာ လိုအပ်သည်များကို အကြံပြုမှာကြားခဲ့ ကြောင်း သိရသည်။

မနန်း(မိုင်းနောင်)