ရေဖြူ ဩဂုတ် ၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်းရှိ အသက် (၈) လမှ အသက် (၁) နှစ်ခွဲအရွယ် ကလေးသူငယ်များအား ကျန်းမာရေးစောင့်ရှောက်မှုဖြင့် ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ ဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းကစတင်၍ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းလုပ်ငန်းကို သူနာပြုဆရာမကြီး ဒေါ်အေးအေးရီမှ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ကလေးသူငယ်များအား ကိုယ်အပူချိန်တိုင်းခြင်း၊ ပေါင်ချိန်ခြင်း၊ စာရင်းရေးသွင်းခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး အသက် (၈) လမှ အသက် (၁) နှစ်ခွဲအထိ ကလေးသူငယ်များကို ဆုံဆို့ကြက်ညှာချောင်းဆိုး၊ မေးခိုင်၊ အသည်းရောင် သားအဝါ (ဘီ)၊ ဦးနှောက်အမြေးရောင်ရောဂါစသည့် ငါးမျိုးစပ်ကာကွယ်ဆေးများကို သတ်မှတ်အကြိမ် တိုင်းထိုးနှံပေးခြင်း၊ ပိုလီယိုအစက်ချဆေးတိုက်ကျွေးခြင်းနှင့် ဆေးထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခတ္တာ