ဖျာပုံမြို့၌ ပြည်သူများ စျေးနှုန်းချိုသာစွာ ဆီ ဝယ်ယူနိုင်ရေး စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၃,၈၅၀/- ဖြင့် ရောင်းချပေး

ဖျာပုံ သြဂုတ် ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်စားသုံးသူရေးရာ ဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်ဆီလုပ်ငန်းရှင်များက ပြည်သူများစျေးနှုန်းချိုသာစွာ ဆီဝယ်ယူနိုင်ရေး အတွက် အမှတ်(၆)ရပ်ကွက် ရွှေကောင်းစံဆီဆိုင်တွင် လူတစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့် စားအုန်းဆီ တစ်ပိဿာလျှင် ၃,၈၅၀/-ကျပ်နှုန်း ရည်ညွှန်း​စျေးဖြင့် ရောင်းချပေးခြင်းကို သြဂုတ်လ(၁)ရက်နေ့ နံနက်ပိုင်းတွင် စတင်ရောင်းချပေးလျက်ရှိ​ကြောင်း သိရသည်။

အဆိုပါစားအုန်းဆီများ စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရေး ဆောင်ရွက်ရာတွင် ဖျာပုံခရိုင်စားသုံးသူရေးရာ ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းနှင့် ဝန်ထမ်းများ၊ ရွှေကောင်းစံဆီဆိုင်ပိုင်ရှင် ဦးမျိုးမင်းထွဋ်နှင့် ဝန်ထမ်းများ ကစားအုန်းဆီ တစ်ပိဿာလျှင် ၃,၈၅၀/-ကျပ်နှုန်း ရည်ညွှန်းစျေးဖြင့် လူတစ်ဦးလျှင် တစ်ပိဿာနှုန်း ရောင်းချပေးရာ ဖျာပုံမြို့နယ် အနေဖြင့် စားအုန်းဆီပေပါ(၁၀)လုံးကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက် ရှိကြောင်း ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ သိရှိရသည်။

အောင်ဝင်းနိုင်

ဖျာပုံခရိုင် (ပြန်/ဆက်)