ပေါက်ခေါင်း ဩဂုတ် ၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးသူမောင်က အဖွင့်အမှာစကားနှင့် ပြည်ထောင်စုအဆင့် ညွှန်ကြားချက်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ညွှန်ကြားချက်များအား ချပြရှင်းလင်းပြောကြားခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster Dose ကို ပြည့်မီစွာ ထိုးနှံနိုင်ရေးနှင့် Data Base များအချိန်မီဖြည့်သွင်းနိုင်ရေး၊ ပြည်ခရိုင် ပြည်မံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၏လုပ်ငန်းလမ်းညွှန်ချက်များအား ချပြဆွေးနွေးခြင်းနှင့် လယ်ယာစိုက်ပျိုးမြေများတွင် (၃)သီးစားပိုမိုတိုးချဲ့စိုက်ပျိုး ရေးကြီးကြပ်ဆောင်ရွက်၊ တစ်လ(၁)ရွာသို့ ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးရာတွင် သက်ဆိုင်ရာဌာနများမှ လက်တွေ့သရုပ်ပြ ဆောင်ရွက်ရန်နှင့် စပါးခင်းများတွင် ကြဲခင်းများအစား အစေ့ချစိုက်ပျိုးသည့်စနစ်ကို အသုံးပြုရန်နှင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ ၆၆/၆ များ Data Base သွင်းခြင်းလုပ်ငန်းများ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်ရန် ဌာနများမှ ပူးပေါင်းဆောင်ရွက်ကြပါရန် ဆွေးနွေးပြောကြားသည်။ မြို့နယ်အတွင်းရှိ ဆည်ရေသောက် ဧရိယာအတွင်းရှိ လယ်မြေအားလုံး သုံးသီးစားစနစ် ပြောင်းလည်းစိုက်ပျိုးနိုင်ရေး၊ မိုးစပါးများ ဧကပြည့်မီစိုက်ပျိုးနိုင်ပြီး၊ နွေစပါးကိုတိုးချဲ့စိုက်ပျိုးနိုင်ရန်နှင့် စပါးစိုက်ပျိုးရာတွင် မျိုးစေ့ချ ကိရိယာအသုံးပြုစိုက်ပျိုးနိုင်ရေးတို့ကို ဦးစွာပြောကြားသည်။
ထို့နောက်တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ဌာနအလိုက်လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်