နတ်မောက်မြို့နယ်တွင် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲကျင်းပ

နတ်မောက် ဩဂုတ် ၁

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် အောင်ဆန်းရပ်ကွက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် အထက်တန်းအဆင့် ကျောင်းသား/သူများအား ယနေ့နံနက် (၁၁)နာရီအချိန်က ကျောင်းကျန်းမာရေး ဟောပြောပွဲကို ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူးဦးသန်းထိုက်က မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောခဲ့ပြီး၊ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန ဆရာမဒေါ်ခင်စန်းတင့်က HIV AIDS ရောဂါအကြောင်း သိကောင်းစရာများကို ဟောပြောဆွေးနွေးခဲ့သည်။ ထို့နောက်အဆိုပါကျောင်းရှိ (ထက်၊လယ်၊မူ) ကျောင်းသား/သူများအား တစ်ကိုယ်ရေ ကျန်းမာရေး လက်သည်း၊ ခြေသည်း၊ မျက်လုံးသွေးအားနည်းမနည်း၊ လည်ပင်း TV အကြိတ်နှင့် အရေပြားစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီးနောက် အလယ်တန်းနှင့်အထက်တန်းအဆင့် ကျောင်းသား/ သူများအား FURAMIN BCနှင့် မူလတန်းကျောင်းသား/သူများအား AIBENDAZOLE 400 mg နှင့် VITAMIN Aဆေးများ တိုက်ကျွေးခဲ့ကြောင်းသိရသည်။

ဖြိုးဖြိုး