ရွှေဘို သြဂုတ် ၁
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုတက္ကသိုလ်တွင် ၂၀၂၂-၂၃ ပညာသင်နှစ် ရွှေဘိုတက္ကသိုလ်နှင့်ရွှေဘိုခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် Myanmar Fitness Dance သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက်၉နာရီအချိန်က အဆိုပါ တက္ကသိုလ်ရှိ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌဦးမျိုးဦးက အဖွင့်အမှာစကား ပြောကြားရာ၊ ကျောင်းသားမောင်မယ် လူငယ်လေးများအနေဖြင့် ကျောင်းနေပျော်၍ စာတော်သောသူများဖြစ်စေလိုကြောင်း၊ ကျောင်းစာအပြင် အားကစားများကိုလည်း စိတ်ဝင်စားစွာ ကစားသွားကြစေလိုကြောင်း အားကစား လှုပ်ရှားခြင်းဖြင့် ကျန်းမာရေးအတွက် တစ်ဖက်တစ်လှမ်းမှ အထောက်အကူပြုပေးသလို ကျန်းမာရေးကောင်းမွန်မှသာ မိမိတို့ရဲ့ မျှော်မှန်းချက်/ ရည်ရွယ်ချက်များ ပြည့်စုံနိုင်မည်ဖြစ်ကြောင်း၊ အားကစားသည် ကိုယ်ကာယ၊ ရုပ်ပိုင်းဆိုင်ရာကိုသာ သန်မာစေသည်မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကိုပါ အထောက်အကူ ပြုပေးသည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့ပြီး၊ ပါမောက္ခချုပ်ဆရာမကြီးဒေါက်တာမျိုးမျိုးက လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နိုင်နိုင်ဝင်းအား အမှတ်တရ ဂုဏ်ပြုလက်ဆောင် ပေးအပ်ခဲ့သည်။ ဆက်လက်၍ ပါမောက္ခချုပ်ဆရာမကြီးဒေါက်တာမျိုးမျိူးက သင်တန်းဆင်းပွဲသို့ တက်ရောက်ပေးခဲ့သည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမနှင့် ကျောင်းသား/သူများ၊ ဝတ်စုံအင်္ကျီ၁၅၀ထောက်ပံ့ပေးပါသော ရွှေဘိုခရိုင်အားကစားနှင့် ကာပညာဦးစီးမှူးအား အထူးကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို ၇.၇.၂၀၂၂မှ ၁.၈.၂၀၂၂ထိ သင်ပြပေးခဲ့ပြီး သင်တန်းသား/သူ၁၅၀ဦးတက်ရောက်ခဲ့သည်။ သင်တန်းဆင်းပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမျိုးဦးနှင့် အဖွဲ့ဝင်များ၊ ရွှေဘိုတက္ကသိုလ်ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ သင်တန်း/ စီမံဌာနများမှ ပါမောက္ခများ၊ မော်ကွန်းထိန်း/ လက်ထောက်မော်ကွန်းထိန်းနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)