ကဝ သြဂုတ် ၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့ နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာကဝမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက တက်ရောက်လာကြသည့် ဌာနဆိုင်ရာ အကြီးအကဲများအနေဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြစ်သော မြို့နယ်သန့်ရှင်းသာယာလှပစေရေးအတွက် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်သွားရန်နှင့် မြို့နယ်အတွင်း အိမ်ထောင်စုလူဦးရေစာရင်း (၆၆/၆) Sever ထည့်သွင်းရိုက်ကူးခြင်းလုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများမှ ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေရေး ဆွေးနွေးရာ တက်ရောက်လာသော ဌာနဆိုင်ရာများမှ သိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးသို့ ကဝမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)