ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ GIS စနစ်ဖြင့် ရပ်ကွက်တည်နေရာ Point ကောက်ယူဆောင်ရွက်

ဒဂုံမြောက် ဩဂုတ် ၃

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက GIS စနစ်ဖြင့် ရပ်ကွက်တည်နေရာ Point စတင်ကောက်ယူခြင်းကို ဩဂုတ် ၂ နေ့မှ စတင်၍ မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“GISစနစ်ဖြင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ရပ်ကွက်တည်နေရာ Point စတင်ရယူ ဆောင်ရွက်ခြင်းကို မြို့ပေါ်ရပ်ကွက်(၂၇)ရပ်ကွက်တွင်စတင် ဆောင်ရွက်နေတာဖြစ်ပါတယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မှာက ရပ်ကွက်(၂၇)ရပ်ကွက် ရပ်ကွက်အကုန်လုံးမှာ တည်နေရာ Point ထောက်ပြီးတည်နေရာရယူ ဆောင်ရွက်သွားမှာဖြစ်ပါတယ်၊ အခုဆောင်ရွက် တာလည်း ၂၀၂၄ ခုနှစ်၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းရဲ့ ကြိုတင် ပြင်ဆင်ခြင်းလုပ်ငန်း တစ်ခုလည်းဖြစ်ပါတယ်”ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမြင့်ဇော်က ပြောကြားသည်။

GIS စနစ်ဖြင့် ရပ်ကွက်တည်နေရာ Point ရယူရာတွင်လည်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ထန်းတပင်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက် (၂၇)ရပ်ကွက်သို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိပြီး Point တည်နေရာယူခြင်းလုပ်ငန်းများ အဆင်ပြေစေရးအတွက်လည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဝင်းနှင့် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များက ကွင်းဆင်းကာ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးများနှင့် ချိတ်ဆက်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြင့်မြင့်ရီ