ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးရာနှုန်းပြည့်လွှမ်းခြုံနိုင်ရေး ပြည်သူများအား ထပ်ဆောင်းကာကွယ်ဆေး (Booster) ဆက်လက်ထိုးနှံပေး

ဒဂုံမြောက်  ဩဂုတ်  

အသက် ၁၈ နှစ်နှင့်အထက် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးစီးမှုကာလ လနှင့်အထက်ရှိသော ပြည်သူများအား ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေးလျက်ရှိရာ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် (၃၈)ရပ်ကွက် မင်္ဂလာအေးကျောင်းတိုက်၊ (၄၇)ရပ်ကွက်ဓမ္မာရုံ၊ (၅၀)ရပ်ကွက် ဒေသန္တရကျန်းမာရေးဌာန၊  ဆေးထိုးစုရပ်တို့တွင် ကာကွယ်ဆေးထိုးနှံမှု ရာနှုန်းပြည့်မီ လွှမ်းခြုံနိုင်ရန် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး အကြိမ်ပြည့် မထိုးနှံရသေးသည့် ပြည်သူများအား ယမန်နေ့ နံနက်ပိုင်းတွင် ဆက်လက်ထိုးနှံပေးခဲ့သည်။

အဆိုပါဆေးထိုးစုရပ်များတွင် ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံပြီးသူများအား ထပ်ဆောင်း ကာကွယ်ဆေး (Booster) ထိုးနှံပေးရာ စုစုပေါင်း ပြည်သူ(၂၀၂)ဦးတို့အား Myancopharm နှင့်  Sinovac ကာကွယ်ဆေးများကိုထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ်ကြက်ခြေနီ အသင်းဝင်များ၊ ရပ်ကွက်တာဝန်ရှိသူများမှ လိုအပ်သည်များ ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြင့်မြင့်ရီ